Saturday, October 1, 2011

အတွေးလွတ်လပ်မှ တီထွင်မူ့ရှိမှာလား?

0 comments


အကြောင်းအရာလေးတစ်ခု တိုက်ဆိုင်လာလို့ပါ။ စဉ်းစားစရာများ ပါနေသလားလို့။
ဒီဘိုးနိုးရဲ့ ဖြန့်ထွက်တွေးခြင်း ဖြစ်စဉ်ထဲက စာပိုဒ်တစ်ချို့ပါ။အကြောင်းအရာက ဟုတ်
မဟုတ်တော့ မသိပါ။စဉ်းစားစရာ
တစ်ခုပေါ့

မြောက်အမေရိကရှိ လူအတော်များများရဲ့တီထွင်မူ့ကို ချဉ်းကပ်မူ့သည် လူတွေဟာ တီ
ထွင်မူ့ရှိတယ်။သို့သော်ငြား တားမြစ်ခံထားရလို့သာ တီထွင်မူ့တွေ ထွက်ပေါ်မလာ
တာလို့ ဆိုပါတယ်။ ဒီအတွက် လူတွေကို ပိုပြီးလွပ်လွပ်လပ်လပ်ဖြစ်စေခြင်းအားဖြင့်
တီထွင်ဖန်တီးနိုင်စွမ်း ပိုရှိလာတယ်လို့ ဆိုပါတယ်။ဒီအတွက် လူတွေအား ကလေးကလား
ဆန်ဆန်ပြုမူခြင်းကို အားပေးအားမြောက်ပြုပါတယ်။သမားရိုးကျ ဦးနှောက်စစ်ဆင်ရေး
ဟာ သူတို့ပြောလိုရာကို အကြောက်တရားမရှိဘဲ ပြောဆိုခွင့်ပြုခြင်းအားဖြင့် လွပ်လပ်စေ
တဲ့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ဒါပေမယ့် ဒီလိုလွတ်လပ်ပြုခြင်းတစ်ခုတည်းနဲ့တော့ မလုံ
လောက်ပါဘူး။

ကြိုးတစ်ချောင်းနဲ့ ခိုင်ခိုင်မာမာ အတုပ်ခံထားရသူတစ်ယောက်ဟာ တယောထိုးလို့မရ
နိုင်ပါဘူး။ဒါဟာ အလွန်သိသာပါတယ်။ဒါပေမယ့် ကြိုးကိုဖြတ်လိုက်လို့ လွတ်မြောက်လာ
သူတစ်ယောက်ဟာ တယောပညာရှင်တစ်ယောက် ဖြစ်သွားပါသလား။ကြိုးကိုဖြတ်လိုက်
တဲ့အချက်ဟာ လိုအပ်တဲ့အဆင့်ဖြစ်ပေမယ့် သေးငယ်တဲ့အဆင့်တစ်ခုပါပဲ။ လွတ်မြောက်
လာတဲ့သူဟာ တယောထိုးတဲ့ပညာကို သင်ယူဖို့ လိုအပ်ပါသေးတယ်။ ထို့အတူ တီထွင်
ဖန်တီးမူ့ကို ကျွမ်းကျင်လာအောင်လုပ်ယူဖို့လည်းလိုအပ်ပါသေးတယ်။စိတ်ကို နိုးဆွခြင်း
ကဲ့သို့သောအရာကိုသဘောပေါက်ခြင်းဟာလည်း လွပ်လပ်မူ့ရှိသကဲ့သို့ အကျိုးပြုမူ့
ရှိပါတယ်။

ကလေးတစ်ယောက်ရဲ့ အဆော့သန်မူ့ကို တီထွင်ဖန်တီးမူ့နဲ့ ဆက်စပ်ခြင်းဟာ ကောင်း
မွန်တဲ့အရာတစ်ခု မဟုတ်ပါဘူး။ကလေးတွေမှာ ဘာအစီအစဉ်မှဖြစ်ထွန်းမူ့ မရှိသေးတဲ့အတွက်
ပင်ကိုယ်တီထွင်ဖန်တီးတတ်တဲ့ဥာဏ်ရည် ရှိပြီးသားပါ။သို့သော်ငြား အရွယ်ရောက်ပြီးသူ
အတော်များများဟာ ဦးနှောက်မှာ အခြားအစီအစဉ်တွေနဲ့ ပြည်နှက်နေလို့ တီထွင်ဖန်တီး
တတ်တဲ့ဥာဏ်ရည်ဟာ အလုပ်မလုပ်ပါ။ဒီအတွက်ရှိပြီးသား အစီအစဉ်ထဲကနေ ဖောက်ထွက်ဖို့
နည်းလမ်းရှာရပါမယ်။

ဒီစာကိုဖတ်ပြီး ရာဇာနေ၀င်းကို နည်းနည်း နားလည်ပေးနိုင်လာတယ်:)
Share/Bookmark